Kalaw Organic Farm - ငရုတ်ချဉ်
Regular price $13.99/
Shipping calculated at checkout.
460g
🌶Chili Pickle(ငရုတ်ချဉ်) လေးကို
ပရှူးထမင်းကြော်၊ ချဉ်စပ်ထမင်းကြော်၊ ဆန်ပြာခေါက်ဆွဲကြော်ရာတွေမှာထည့်သုံးပါတယ်။ ငါးချဉ်၊ ကြက်ချဉ်စပ်ဟင်းချက်ရာမှာ အဓိကထည့်ပါတယ်။
ချဉ်စပ်ဟင်းတွေချက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ငရုတ်ချဉ်နှစ်ဖြစ်ပါတယ်။ အရောင်ရဲရဲတောက်နေတဲ့ ငရုတ်သီးအနီအမှည့်ကနေပြုလုပ်ထားလို့ အရောင်လှတဲ့အပြင် ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ အသားဟင်း တို့တွင်ထည့်ချက်ပါတယ်။ချဉ်စပ်ဟင်းများချက်ရာတွင်လည်းအသုံးပြုနိုင်ပါတယ်။
အသားကင်၊ တုတ်ထိုး၊ ဟင်းရည်တွေမှာလည်း sauce / chili paste အဖြစ်ထည့်သုံးကျပါတယ်။ အသုပ်တွေ၊ ခေါက်ဆွဲ/ကြာဆံ၊ Ready Made တွေနဲ့လည်းတွဲစပ် စားလို့ရတဲ့ ငရုတ်သီးအနှစ်လေးပါ။
✔️ငရုတ်သီးအမှည့်ကနေထုတ်လုပ်ထားပီး ဆေးရောင်လုံးဝမပါတာမို့ သန့်ရှင်းပီး ကျန်မားရေးနှင့်ညီညွတ်တဲ့ products တွေပဲအသုံးပြုချက်ပြုတ်ချင်တဲ့ အိမ်ရှင်မများအတွက် ရှယ်ပါပဲရှင်။